မန်နေဂျင်းဒါရိုက်တာ Mr. Takashi Arai

မန်နေဂျင်းဒါရိုက်တာ Mr. Takashi Arai

1975ခုနှစ် Hyogo ပြည်နယ် ၊ Itami မြို့တွင်မွေးဖွားခဲ့ပြီး Osaka Senba နှင့် Tokyo တွင်ကြီးပြင်းလာခဲ့ပါသည်။
Accenture အတိုင်ပင်ခံမန်နေဂျာ
ITနှင့်businessကိုအဓိကထားပြီးတော့ အမျိုးမျိုးသောprojectတွေကိုဆွေးနွေးတိုင်ပင်ပေးခြင်း။
< လုပ်ငန်းစဉ် >
・ စက်မှုလုပ်မှုလုပ်ငန်းတွင်လူ့စွမ်းအားအရင်းမြစ်ရဲ့လစာစနစ်ဖွံဖြိုးတိုးတက်ရေး။
・ မဟာဗျူဟာစီမံကိန်းရေးဆွဲပေးခြင်း။
・ ဖျော်ဖြေရေးလုပ်ငန်းတွင် လူ့စွမ်းအားအရင်းမြစ်စနစ်ဖွဲ့ဖြိုးတိုးတက်ရေးနှင့်စီမံခန့်ခွဲမှု။
・ တရုတ်​ပြည်နယ်ရှန်ဟိုင်းတွင် shared service centerစီမံကိန်းကိုစတင်ခြင်း။
・ ABC/ABM အရ ဈေနှုန်းဗျူဟာနှင့်အဖွဲ့အစည်းဗျူဟာကိုပြန်လည်သုံးသပ်ခြင်း။
・ စီးပွားရေးလုပ်ငန်းပြန်လည်ဖွဲ့စည်းခြင်းနှင့်ပြုပြင်ပြောင်းလဲခြင်း ၊ကုန်ကျစရိတ်စီမံခန်​့ခွဲမှုဒီဇိုင်းရေးဆွဲခြင်း။
・ ဘဏ္႑ာ​ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍စီးပွားရေးလုပ်ငန်းတစ်ခုလုံးကိုပြန်လည်သုံးသပ်သည့်စီမံကိန်း။
・ RFID,IC ကဒ်ကိုအသုံးပြု၍အနာဂတ်စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်မှုစီမံခန့်ခွဲမှု့စနစ်၏စီမံကိန်း။
・ ကုန်ပစ္စည်းသစ်ဖွံ့ဖြိုးရေးစီမံကိန်း ၊ အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းပြုပြင်ရေးစီမံကိန်း။

မန်နေဂျင်းဒါရိုက်တာ၏ရည်မှန်းချက်


ကျွန်တော်သည် အတိုင်ပင်ခံ၊ ရင်းနှီးမြုပ်နှံမှု နှင့် ITအကျိုးတူပူပေါင်းတည်ထောင်ခြင်းစသော မတူညီတဲ့အတွေ့အကြုံများစွာရရှိခဲ့ပါသည်။

နယ်ပယ်အသီးသီးတွင်စီးပွားရေးလုပ်ငန်းသစ်များနှင့်စီမံကိန်းသစ်များစတင်ဆောင်ရွက်ပေးခြင်း ၊ လမ်းညွန်ပေးခြင်းစသဖြင့်ပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

ယနေ့ချိန်ထိ ကျွန်တော့်ကိုအခွင့်အရေးပေးခဲ့သောလူကြီးမင်းတို့ကို ကျေးဇူးတင်ပါသည်။ ထိုသို့အခွင့်အလမ်းတွေပေးခဲ့သည့်အတွက်ကြောင့် အတွေ့အကြုံသစ်များစွာရရှိခဲ့ပါသည်။

အဲဒါကြောင့်လည်း ကျွန်တော်အခုချိန်ထိရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

အနာဂတ်မှာကြီးမားတဲ့အကြံဉာဏ်သစ်တွေနဲ့အလုပ်တွေဖန်းတီးပေးဖို့ရည်ရွယ်ထားပါသည်။

ဒီလိုမျိုးအလုပ်အသစ်တွများစွာဖန်တီးခြင်းဆိုတာက လူ့ဘောင်အဖွဲ့အစည်းကို များစွာအထောက်အကူပြုစေနိုင်ပါသည်။

Robotization နှင့်globalization ရဲ့ ပြောင်းလဲမှုတွေကြောင့် robotတွေကအစားထိုးနေရာယူခံနေတယ်လို့ထင်မြင်နေရပေမယ့်လည်း တကယ်တော့လူသားတွေပဲလုပ်နိုင်တဲ့အလုပ်တွေများစွာရှိပါသည်။ အဲဒီလိုအလုပ်တွေကိုဖန်းတီးပေးပြီးလူ့အဖွဲ့စည်းကိုအထောက်ကူဖြစ်စေမယ်လို့ယုံကြည်ပါသည်။

အဲဒီအတွက်ကြောင့်ကောင်းမွန်တဲ့အခြေခံအုတ်မြစ်တွေနဲ့အတွေးအခေါ်တွေကိုလိုအပ်တဲ့အတွက် စီမံကိန်းတွေရေးဆွဲနေပါသည်။

အဲဒီ စီမံကိန်းတွေထဲကတစ်ခုကတော့ ဝန်ဆောင်မှုများကို web siteပေါ်တွင်ဖြန့်ဝေပေးခြင်း နှင့် နောက်တစ်ခုကတော့ အာရှ တစ်ခွင်တွင်ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။

ထိုရည်မှန်းချက်တွေကို အကောင်ထည်ဖော်ရင်းနဲ့ပိုမိုကောင်းမွန်တဲ့စီမံကိန်းတွေကိုပြုလုပ်ပြီး အနာဂတ်လမ်းတွင်လူကြီးမင်းတို့အတွက် အမြင်ထူးခြားပြီးပြောင်မြောက်တဲ့project များကို ကမ္ဘာတစ်ဝန်းမှာတိုးပွားဖို့က ကျွန်တော့်ရဲ့ဆန္ဒဖြစ်ပါသည်။