IT နည်းပညာ

IT နည်းပညာ

RPA ဝန်ဆောင်မှုများ

Robotic process automation (RPA) နည်းပညာကို software robots (သို့) bots လို့လည်းခေါ်နိုင်ပြီး လူသားများ၏လုပ်ကိုင်ပုံများကိုတုပကာ လူသားများနည်းတူ log in ဝင်ခြင်း ၊ ဒေတာအချက်အလက်များထည့်ခြင်း ၊ တွက်ချက်ခြင်း ၊ log out ထွက်ခြင်း စသည့်လုပ်ငန်းတာဝန်များကိုပြီးဆုံးအောင်လုပ်ဆောင်နိုင်ပါသည်။ RPA ကိုအသုံးပြုခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများမှာအချိန်တိုအတွင်းမြောက်များစွာသောလုပ်ငန်းတာဝန်များကိုလုပ်ဆောင်နိုင်ခြင်း ၊ လူအင်အားလျှော့ချပေးနိုင်ခြင်း ၊ လူသားများမှားနိုင်သည့်အမှားများကိုရှောင်ရှားနိုင်ခြင်း စသည်တို့ဖြစ်သည်။

  • ကျွန်ုပ်တို့သည် သင့်တို့၏လိုအပ်ချက်များနှင့်အံဝင်ခွင်ကျဖြစ်ပြီး စိတ်ကျေနပ်မှုပေးနိုင်သည့် project များကို ဂျပန်တွင် အလုပ်လုပ်ကိုင်နေကြသော Senior RPA Developer များနှင့်အတူအကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးနေပါသည်။
  • လူကြီးမင်တို့၏တောင်းဆိုချက်များသည်မည်သို့ပင်ရှုပ်ထွေးနေစေကာမူကျွန်ုပ်တို့သည် RPA နည်းပညာများကိုအသုံးပြုပြီးအကောင်းဆုံးလုပ်ဆောင်ပေးနေပါသည်။
  • အလုပ်လာအပ်သောလုပ်ငန်းရှင်များအတွက်အဆင်ပြေချောမွေ့စွာရေရှည်အသုံးပြုနိုင်မည့်အရည်အသွေးကောင်းမွန်သော Robot များကိုလည်း လုပ်ဆောင်ပေးနေပါသည်။


Web Development ဝန်ဆောင်မှုများ

ယနေ့ဒစ်ဂျစ်တယ်ခေတ်တွင် website သည် မည်သည့်စီးပွားရေးလုပ်ငန်းအတွက်မဆို မရှိမဖြစ်အရေးပါသောအရာဖြစ်ပါသည်။အကယ်၍ သင့်တွင်စီးပွားရေးလုပ်ငန်းတစ်ခုရှိပြီး ထိုလုပ်ငန်းအတွက် website မရှိပါက သင်သည် အလွန်ကောင်းမွန်သော အခွင့်အလမ်းများကို ဆုံးရှုံးနေပါလိမ့်မည်။website တစ်ခုရှိရုံဖြင့် များစွာသောဈေးကွက်စီးပွားရေးနည်းဗျူဟာများအတွက်အလွန်အသုံးဝင်ပြီး သင်၏စီးပွားရေးလုပ်ငန်းကို ကြီးထွားလာအောင် ကူညီပေးနိုင်ရုံသာမကလုပ်ငန်းရှင်အသစ်များရရှိလာအောင်လည်း ကူညီပေးနိုင်ပါသည်။

  • လူကြီးမင်းတို့လုပ်ငန်းများ၏ website များကို နောက်ဆုံးပေါ်နည်းပညာများဖြင့် modify ပြုလုပ်ပေးခြင်း ၊ အသစ်ဖန်တီးပေးခြင်း စသည့်ဝန်ဆောင်မှုများကိုပေးနေပါသည်။
  • လူကြီးမင်းတို့၏စီးပွားရေးလုပ်ငန်းများနှင့်ကိုက်ညီသော မည်သည့် screen တွင်မဆို အဆင်ပြေသည့် responsive web page design များကို ဖန်တီးပေးနေပါသည်။ကျွန်ုပ်တို့ဖန်တီးထားသော design နှင့် coding များကို လူကြီးမင်းတို့အပြည့်အဝစိတ်ကျေနပ်သည်အထိ ပြုပြင်ပေးနေပါသည်။
  • နိုင်ငံတကာစံနှုန်းမှီ website များကို ဖန်းတီးပေးရာတွင်လည်း သင့်တင့်သော ဈေးနှုန်းများဖြင့် အကောင်းဆုံးဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

အခြားသောဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် အလုပ်လာအပ်သောလူကြီးမင်းများ စိတ်တိုင်းကျစေရန်အတွက် အသစ်အသစ်သော နည်းပညာများကို အချိန်နှင့်တစ်ပြေးညီသင်ယူလေ့လာလျှက်ရှိနေပါသည်။ ယခုလက်ရှိတွင် အောက်ပါနည်းပညာများကို အသုံးပြုလျက် website များ system များ ကို ဖန်တီးပေးနေ ပါသည်။

Web Development

  • HTML5
  • CSS3
  • Less
  • Bootstrap
  • Javascript
  • JQuery
  • AJax
  • WordPress
  • Individual CMS
  • Moveable type

Web Design

  • Photoshop
  • Illustrator
  • Fireworks

Programming

  • Java
  • Android
  • IOS Swift
  • Node JS
  • Angular JS
  • Express JS
  • Python
  • CakePHP
  • LaravelPHP

Database

  • MySQL
  • SQL
  • Oracle
  • SQLite
  • PostgreSQL
  • Firebase (nosql)