ဝန်ထမ်းမိတ်ဆက်
ဒါရိုက်တာများ
ကျွန်တော်သည် မိထီၳလာရှိစီးပွားရေးတက္ကသိုလ်တွင် ဘွဲ့ရခဲ့ပါတယ်။ IT နည်းပညာကို IT သင်တန်းများတက်ရင်းကုမ္ပဏီရဲ့ Training ကတဆင့်လေ့လာခဲ့ပါတယ်။ 2013 ခုနှစ်ကစ၍ IT ကုမ္ပဏီဖြစ်သည့် Funward Myanmar တွင်အလုပ်ဝင်ခဲ့ပါတယ်။ ဒီကုမ္ပဏီ ဝင်ပြီးသည့်နောက်ပိုင်း ဂျပန်ဘက်က Project တွေကို တကယ့်လက်တွေ့လုပ်ခြင်းအားဖြင့်လည်း အတွေ့အကြုံများစွာကိုရရှိခဲ့ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံသည် ယခုအချိန်မှာတော့ဖွံဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းများလည်း ဖွံဖြိုးတိုးတက်ပြီး ကြီးမားသော အခွင့်အရေးများ ရှိနိုင်ပါတယ်။
ကျွန်မက Thanlyin University of Technology မှ BE(EC) ဖြင့် ဘွဲ့ရပြီးနောက် Funward Myanmar Co.,Ltd မှာ 2013 ခုနှစ်ကစ၍ အလုပ်ဝင်ခဲ့ပါတယ်။ programmer အနေနှင့်ရော front-end developer အနေနှင့်ပါ project ပေါင်းများစွာမှာလည်း ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ ရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ တာဝန်ယူစိတ်အပြည့်နှင့် ကိုင်တွယ်ဖြေရှင်းခဲ့တဲ့အတွက်ကြောင့် အလုပ်ရှင်တွေဆီကနေ အသိအမှတ်ပြုခံခဲ့ရပါတယ်။ ကိုယ့်တာဝန်ကို ကန့်သတ်မထားဘဲ ပြဿနာကြီးငယ်မရွေး ဖြေရှင်းခြင်းဟာ အသိအမှတ်ပြုခံရတာတွေ ကိုယ့်အရည်အသွေးကို မြှင့်တင်နိုင်တာတွေနှင့်လည်း ဆက်စပ်နေပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနှင့် အကြောင်းအရာအမျိုးမျိုးကို ဆက်သွယ်တင်ပြရင်း ဆွေးနွေးတိုင်ပင်တာဟာလည်း ကောင်းမွန်တဲ့ရလဒ်ကို ရရှိစေပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပမှ project များကိုလည်း လုပ်ကိုင်ဖူးတာကြောင့် အင်္ဂလိပ်၊ မြန်မာ၊ ဂျပန် စတဲ့ဘာသာစကားတွေနှင့် ဆက်သွယ်လုပ်ကိုင်နိုင်ပါတယ်။ အလုပ်ရှင်တွေရဲ့ စိတ်ကျေနပ်မှုနှင့် ယုံကြည်မှုရရှိခြင်းဟာ ကျွန်မအတွက်တော့ အလွန်အရေးပါပါတယ်။ ကျွန်မတို့တွေဟာ အလုပ်ရှင်တွေရဲ့ စိတ်ကျေနပ်မှုရရှိရေးကို အမြဲဂရုစိုက်လျက်ရှိတာကြောင့် သင့်ရဲ့လုပ်ငန်းကို ထောက်ပံ့ပေးရန် အမြဲအဆင်သင့်ရှိနေပါတယ်။
ကျွန်မကတော့ Thanlyin Technological University တွင် BE(IT) ဖြင့် ဘွဲ့ရခဲ့ပြီး 2013ခုနှစ်ကတည်းက Funward Myanmar Co.Ltd တွင်စတင်တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ Speed, Quality နှင့် Communication ကိုအမြဲတိုးတက်အောင်ဆောင်ရွက်လျက် ပေးအပ်လာသည့် အလုပ်များကိုလည်း တာဝန်ကျေစွာ ထမ်းဆောင်လျက်ရှိပါတယ်။ ကျွန်မတို့ကုမ္ပဏီသည် ဂျပန်မှအမျိုးမျိုးသောProjectများကို လက်ခံလုပ်ဆောင်နေတဲ့အတွက်ကြောင့် မြန်မာမှာလည်း ဂျပန်စံချိန်မီအရည်သွေးကောင်းမွန်သော Project များကို Deadline အတွင်းပြီးအောင်လုပ်ဆောင်ပေးရန် အတွေ့ကြုံအပြည့်ရှိပါတယ်။ Customerများနှင့် အတူတကွလုပ်ဆောင်နိုင်မည့်နေ့ကို စောင့်မျှော်နေပါတယ်။ ကျွန်မတို့ကုမ္ပဏီနှင့်တွဲဖက်၍ အလုပ်များလုပ်ဆောင်ပါက စိတ်ကျေနပ်မှုများရနိုင်မည်မှာ အသေအချာပင်ဖြစ်ပါတယ်။
မန်နေဂျာများ
ကျွန်မသည် University of Computer Studies တွင် ဘွဲ့ရရှိခဲ့ပြီ 2014ခုနှစ်တွင် Funward Myanmar မှာ အလုပ်လုပ်ခဲ့ပါတယ်။ Project အမျိုးမျိုးကနေ အတွေ့အကြုံ များစွာ ရရှိခဲ့တာကြောင့် Error များကိုလည်း ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ Skill လည်း တက်လာခဲ့ပါသည်။ အဲဒီ ပြဿနာများကနေရခဲ့တဲ့ အတွေ့အကြုံများကို နမူနာအဖြစ်ယူပြီး နောက်ပိုင်း မဖြစ်အောင် ကာကွယ်၍ ပြသနာ များဖြစ်လာခဲ့လျှင် အချိန်တိုတိုအတွင်းမှာ ဖြေရှင်းနိုင်လာခဲ့ပါတယ်။ ကျွန်မအတွက်ကတော့ နည်းပညာအသစ်များကို လေ့လာပြီး စိန်ခေါ်မူများကိုလည်း ရင်ဆိုင်ရတာ ကြိုက်ပါတယ်။ အချိန်ကိုလည်းတိကျစွာလိုက်နာပြီး ပေးအပ်လာသောအလုပ်များကို သေချာစွာဆောင်ရွက်ခဲ့တာကြောင့် ကောင်းမွန်သောရလဒ်များလည်းရရှိခဲ့ပါတယ်။ Communication ကို ပြုလုပ်သည့်အချိန်မှာလည်း customerသို့ reportတင်ခြင်း ၊ ဆက်သွယ်ခြင်း၊ တိုင်ပင်ခြင်း များကိုလည်းပြုလုပ်ခဲ့ပါတယ်။ ထိုကဲ့သို့ အတွေ့အကြုံများစွာရှိ သည့်အတွက်ကြောင့် ဘယ်လိုprojectမဆိုကောင်းမွန်သောရလဒ်များ ရရှိမည်ဟုယုံကြည်ပါတယ်။ Customerများရဲ့ စိတ်ကျေနပ်မှုနှင့် မျှော်လင့်ချက်များကို အဓိကထား၍လုပ်ဆောင်နေသောကြောင့် ကောင်းမွန်သောဝန်ဆောင်မှုနှင့် စိတ်တိုင်းကျသောအရည်အသွေးများရမည်မှာသေချာပါတယ်။
ကျွန်တော်ကတော့ University of Computer Studies တွင် ဘွဲ့ရရှိခဲ့ပြီး ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၉ရက်မှစတင်၍ Funward Myanmar Co.,Ltd တွင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ IOS system, sa-smile system, radio application, test case, website creation (clinic, beauty blog, etc.) and reservation system အစရှိသည့် ပရောဂျက်များစွာမှ အတွေ့အကြုံများရှိခဲ့ပါတယ်။ လုပ်ဆောင်ပေးခဲ့တဲ့ အဲဒီပရောဂျက်အတွေ့အကြုံများ မှတဆင့် လုပ်ငန်းရှင်များ၏လိုအပ်ချက်များနှင့် ပြဿနာအမျိုးမျိုးတို့ကို ကူညီဖြေရှင်းပေးနိုင်သည်အထိ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့နှင့်ပရောဂျက်များကို အတူတကွလုပ်ကိုင်ရင်း အတူတူအောင်မြင်စွာလျှောက်လှမ်းကြပါစို့။
senior developer များ
ကျွန်မက ကချင်ပြည်နယ်ရှိ နည်းပညာတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။ ကျွန်မကတော့ Funward Myanmar တွင် Web developer အဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး ယခုလက်ရှိတွင် SAP Developer အဖြစ် ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေပါတယ်။ အတွေ့အကြုံများစွာရရှိခဲ့တာကြောင့် customer များ စိတ်တိုင်ကျ ဝန်ဆောင်မှုများကို ပေးရင်းနှင့်အတူတကွအလုပ်များ လုပ်ချင်ပါတယ်။ Funward Myanmar သည် ကောင်းမွန်သော Service များပေးနိုင်သော ကုမ္ပဏီတစ်ခုဖြစ်သည်ဟု အများကလက်ခံနိုင်သည်အထိ ကျွန်မတို့ ကြိုးစားနေပါတယ်။
ကျွန်မကတော့ BE (IT) နှင့် Government Techlogical College (မြင်းခြံ)ကနေ ဘွဲ့ရရှိခဲ့ပါတယ်။ ၂၀၁၇ခုနှစ်တွင် စတင်၍ အလုပ်ဝင်ခဲ့ပါတယ်။ IOS System ၊ Sa-Samile System ၊ Radio OS Application များကို လုပ်ပေးခဲ့ပါတယ်။ Website များ ဖန်တီးခြင်း ဖြစ်သည့် (Mazda,Nursing, Beauty Salon)နှင့် ဘိုကင် System များကို လည်း လုပ်ပေးခဲ့ပြီး အတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။ ကျွန်မက Customer များနှင့် ပူးပေါင်းဆက်သွယ်၊ ဆောင်ရွက်ခြင်းများနှင့် ပေးပို့ရမည့် Project များကိုလည်း အချိန်မီ ပေးပို့နိုင်ပါတယ်။ အဲဒီနောက် ကျွန်မက နည်းပညာသစ်များကို လေ့လာရတာ၊ Error များ ဖြေရှင်းရတာကိုလည်း ကြိုက်ပါတယ်။ ဒါကြောင့် ကျွန်မတို့နှင့်အတူတူအလုပ်လုပ်ကိုင်ရင်း အောင်မြင်မှုများရယူကြပါစို့။