အခြားသောဝန်ဆောင်မှုများ

အခြားသောဝန်ဆောင်မှုများ

မြန်မာနိုင်ငံသားများအားခေါ်ယူ၍လေ့ကျင့်သင်ကြားပေးခြင်း(ကျန်းမာရေး၊နည်းပညာဆိုင်ရာ)

ရည်ရွယ်ချက်

အာရှတစ်ခွင်တွင် နံပါတ်(၁) International Clinic ဖြစ်ပေါ်စေရန်


ရန်ကုန်တွင်ဖွင့်လှစ်မည့် International Clinic တွင်တာဝန်ထမ်းဆောင်ရန်လေ့ကျင့်သင်ကြားပေးမှုများ

International Clinic တွင်သူနာပြု နှင့် သူနာပြုအကူအဖြစ်တာဝန်ထမ်းဆောင်လိုသူများကိုဝန်ထမ်းအဖြစ်ခေါ်ယူပြီးလေ့ကျင့်သင်ကြားပေးနေပါသည်။ လေ့ကျင့်စဉ်ကာလတွင်ဂျပန်စာနှင့်တကွဂျပန်ယဉ်ကျေးမှုကိုလဲပူးတွဲသင်ကြားပေးနေပါသည်။ ဂျပန်ဘာသာစကားသင်ယူတတ်မြောက်ပြီးနောက်တွင်ဂျပန်နိုင်ငံသို့ပညာတော်သင်စေလွှတ်၍ International Clinic တွင်အသုံးပြုမည့်နည်းပညာများကိုသင်ယူစေသည်။


အောင်မြင်မှုမှတ်တမ်း

ပထမအသုတ်

၂၀၁၈ခုနှစ် ၊ ဇွန်လ ၁ရက် နေ့တွင် သူနာပြု၁၂ယောက်ဖြင့် ကျွန်တော်တို့၏ Programကိုစတင်ခဲ့ပါသည်။

ပထမအသုတ်မှ ထူးချွန်သော သူနာပြု ၅ ယောက်သည်အစွမ်းကုန်ကြိုးစားခဲ့သည့်အတွက်ကြောင့် ၂၀၁၉ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ဂျပန်နိုင်ငံ တိုယမမြို့ရှိ ဂျပန်သူနာပြုကောလိပ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါသည်။


ဒုတိယအသုတ်

ကျွန်တော်တို့၏ ဒုတိယအသုတ်ကို သူနာပြု ၈ယောက် ဖြင့် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၁ရက်နေ့တွင်စတင်လေ့ကျင့်သင်ကြားခဲ့ပါသည်။


တတိယအသုတ်

ကျွန်​​တော်​တို့သင်​တန်း​ကျောင်းတွင်​ ပထမအသုတ် နှင့် ဒုတိယ အသုတ်ကိုအောင်မြင်စွာလေ့ကျင့်သင်ကြားပြီးနောက်တွင် ​ တတိယ အသုတ်​ကို ၂၀၁၉၊ ဧပြီလ ၁ရက်နေ့ တွင်​ ထပ်မံဖွင့်လှစ်​​ခဲ့ပါသည်​။ သူနာပြုများအနေဖြင့်လည်း ကြုံတွေ့လာမည့် မည်သည့်အခက်အခဲကိုမဆို ပျော်ရွှင်စွာကျော်လွှားစေချင်ပါသည်။ ထိုမှသာသူနာပြုလေးများသည် လင်းလက်​​တောက်​ပ​သော ကြယ်​ပွင့်လေးများအဖြစ်​ မြန်​မာနှင့်ဂျပန် တွင်သာမက ကမ္ဘာ့အလယ်​တွင်​ ထွန်းလင်း​​တောက်​ပလာလိမ့်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ လင်းလက်တောက်ပသောကြယ်ပွင့်လေးများကို ကျွန်တော်တို့ဘက်ကလည်း စောင့်ကြိုနေလျှက်ရှိပါသည်။